သင်တို့ကိုသတိနှင့် ကြည့်ရှုတော်မူသောကြောင့်၊ သင်တို့၌ စိုးရိမ်ခြင်း အမှု ရှိသမျှတို့ကို ကိုယ်တော်၌ အပ်နှံကြလော့။
Saturday, January 22, 2022
22 JAN ( 1 Peter 5:7)
Thursday, January 20, 2022
21JAN ( PS 9: 12,17)
12 လူအသက်သတ်ခြင်းအမှုကို စစ်တော်မူ၍၊
အသေခံရသောသူတို့ကို အောက်မေ့တော်မူ၏။ နှိမ့်ချ လျက်ရှိသော
သူတို့၏ အော်ဟစ်ခြင်း အသံကို မေ့လျော့ တော်မမူတတ်ပါ။
17 မတရားသောသူတို့နှင့် ဘုရားသခင်ကို မေ့ လျော့သော အမျိုးသား အပေါင်းတို့သည် မရဏာနိုင်ငံသို့ နှင်ခြင်းကို ခံရကြလိမ့်မည်။
20 JAN ( JOB 22 : 29 )
22 နှုတ်တော်ထွက်တရားကို ခံယူ၍ စကားတော်ကို နှလုံး၌သွင်းပါလော့။
23 အနန္တတန်ခိုးရှင် ထံတော်သို့ ပြန်လာလျှင် တည်ဆောက်ခြင်း ရှိလိမ့်မည်။ သင့်အိမ်မှဒုစရိုက်ကို ပယ်ရှား လျှင်၊
24 ရွှေကိုမြေမှုန့်ကဲ့သို့၎င်း၊ ဩဖိရရွှေကို မြစ်၌ ရှိသောကျောက်စရစ် ကဲ့သို့၎င်း သိုထားရလိမ့်မည်။
25 ထိုအခါအနန္တတန်ခိုးရှင်သည် သင်၌ရွှေရတနာ၊ သင်သုံးရသော ငွေဘဏ္ဍာ ဖြစ်တော်မူလိမ့်မည်။
26 သင်သည်အနန္တတန်ခိုးရှင်၌ မွေ့လျော်၍၊ ဘုရားသခင်ကို ဖူးမြော် ရသော အခွင့်ရှိလိမ့်မည်။
27 သင်ဆုတောင်းသောအခါ နားထောင်တော်မူ မည်။ သစ္စာဂတိ ထားသည်အတိုင်း၊ သစ္စာဝတ်ဖြေရသော အခွင့်ရှိလိမ့်မည်။
28 သင်ကြံစည်သော အကြံအစည်သည် ထမြောက် ၍၊ သင်သွားသော လမ်း၌ ရောင်ခြည်ထွန်းလိမ့်မည်။
29 သူတပါးတို့သည်
နှိမ့်ချခြင်းကိုခံရသောအခါ၊ သင်ကချီးမြှောက်သော အခွင့်ရှိသည်ဟု
ဆိုရလိမ့်မည်။ စိတ်နှိမ့်ချသောသူကို ကယ်တင်တော် မူလိမ့်မည်။
30 အပြစ်မကင်းသောသူကိုပင် ကယ်နှုတ်တော်မူလိမ့်မည်။ သင်ပြုသောအမှု သန့်ရှင်းသောအားဖြင့် သူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်ဟုမြွက်ဆို၏။
Wednesday, January 19, 2022
19JAN ( PRO 14:30-35 )
30 ကျန်းမာသောနှလုံးသည် ကိုယ်အသက်ရှင်စေ သောအကြောင်း၊ ငြူစူသော သဘောမူကား၊ အရိုး ဆွေးမြေ့ခြင်းအကြောင်းဖြစ်၏။
31 ဆင်းရဲသားတို့ကို ညှဉ်းဆဲသောသူသည် ဖန် ဆင်းတော်မူသော ဘုရားကိုကဲ့ရဲ့၏။ ဘုရားကို ရိုသေ သောသူမူကား၊ ဆင်းရဲသောသူတို့ကို သနားတတ်၏။
32 မတရားသောသူသည် မတရားသဖြင့် ပြုစဉ် အခါ၊ လှဲခြင်းကို ခံရ၏။ ဖြောင့်မတ်သောသူမူကား၊ သေသောအခါ၌ပင် မြော်လင့်စရာရှိ၏။
33 ဥာဏ်ရှိသောသူ၏ နှလုံး၌ပညာကျိန်းဝပ်တတ် ၏။ မိုက်သောသူတို့၏အထဲ၌ ရှိသောအရာမူကား၊ ထင်ရှားတတ်၏။
34 ဖြောင့်မတ်ခြင်းတရားသည် ပြည်သားတို့ကို ချီးမြှောက်တတ်၏။ ဒုစရိုက်အပြစ်မူကား၊ ပြည်သားများ တို့ကို ရှုတ်ချတတ်၏။
35 ပညာရှိသော အကျွန်အားရှင်ဘုရင်သည် ကျေးဇူးပြုတတ်၏။ အရှက်ခွဲတတ်သော ကျွန်မူကား၊ အမျက်တော်ကို ခံရမည်။
Tuesday, January 18, 2022
Monday, January 17, 2022
17 JAN ( Pro 12:9)
Pro 12: 9 "စားစရာမရှိဘဲ ဝါကြွားသောသူထက်၊ အသရေမရှိ၊ ကိုယ် အလုပ်ကို လုပ်ရသော သူသည် သာ၍ ကောင်း၏။
Better is a person of humble standing who nevertheless has a servant, than one who pretends to be somebody important yet has no food.
Sunday, January 16, 2022
16 JAN ( Proverb 16:19)
စိတ်နှိမ့်ချသောသူတို့နှင့် ပေါင်းဘော်၍ စိတ် နှိမ့်ချခြင်းသည်၊ မာနကြီးသော သူတို့နှင့် ဆက်ဆံ၍ လုယူ သောဥစ္စာကို ဝေမျှခြင်းထက် သာ၍ကောင်း၏။
20 FEB ( 1 John 4:16 )
ဘုရားသခင်သည် ငါတို့ကိုချစ်တော်မူခြင်း မေတ္တာတော်ကိုငါတို့သည်သိ၍ ယုံကြည်ကြ၏။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ ချစ်ခြင်းမေတ္တာ၌ တည်သော...
-
All My plans will be fulfilled, for I know the end from the beginning. အဦးမှစ၍ အဆုံးတိုင်အောင်၎င်း၊ ရှေးကာလမှ စ၍ မဖြစ်သေးသော အမူအရာတို့ကို...
-
13 in whom you also, having heard the word of the truth, the Good News of your salvation—in whom, having also believed, you were sealed with...
-
I have blotted out, as a thick cloud, your transgressions, and, as a cloud, your sins.Return to me, for I have redeemed you. သင်၏ဒုစရိုက်တို...