22 နှုတ်တော်ထွက်တရားကို ခံယူ၍ စကားတော်ကို နှလုံး၌သွင်းပါလော့။
23 အနန္တတန်ခိုးရှင် ထံတော်သို့ ပြန်လာလျှင် တည်ဆောက်ခြင်း ရှိလိမ့်မည်။ သင့်အိမ်မှဒုစရိုက်ကို ပယ်ရှား လျှင်၊
24 ရွှေကိုမြေမှုန့်ကဲ့သို့၎င်း၊ ဩဖိရရွှေကို မြစ်၌ ရှိသောကျောက်စရစ် ကဲ့သို့၎င်း သိုထားရလိမ့်မည်။
25 ထိုအခါအနန္တတန်ခိုးရှင်သည် သင်၌ရွှေရတနာ၊ သင်သုံးရသော ငွေဘဏ္ဍာ ဖြစ်တော်မူလိမ့်မည်။
26 သင်သည်အနန္တတန်ခိုးရှင်၌ မွေ့လျော်၍၊ ဘုရားသခင်ကို ဖူးမြော် ရသော အခွင့်ရှိလိမ့်မည်။
27 သင်ဆုတောင်းသောအခါ နားထောင်တော်မူ မည်။ သစ္စာဂတိ ထားသည်အတိုင်း၊ သစ္စာဝတ်ဖြေရသော အခွင့်ရှိလိမ့်မည်။
28 သင်ကြံစည်သော အကြံအစည်သည် ထမြောက် ၍၊ သင်သွားသော လမ်း၌ ရောင်ခြည်ထွန်းလိမ့်မည်။
29 သူတပါးတို့သည်
နှိမ့်ချခြင်းကိုခံရသောအခါ၊ သင်ကချီးမြှောက်သော အခွင့်ရှိသည်ဟု
ဆိုရလိမ့်မည်။ စိတ်နှိမ့်ချသောသူကို ကယ်တင်တော် မူလိမ့်မည်။
30 အပြစ်မကင်းသောသူကိုပင် ကယ်နှုတ်တော်မူလိမ့်မည်။ သင်ပြုသောအမှု သန့်ရှင်းသောအားဖြင့် သူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်ဟုမြွက်ဆို၏။
No comments:
Post a Comment